အင်းစိန်သား(နည်းပညာပြန်လည်မျှဝေခြင်း)မှကြိုဆိုပါ၏

Monday, December 24, 2012

နေပြည်တော်၊ ဒီဇင်ဘာ ၂၅

၂၅-၁၂-၂၀၁၂ ရက်နေ့ ၀၈၅၀ အချိန် အဲယားပုဂံလေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်အတိုင်း ပျံသန်းသည့် F-100 အမျိုးအစား လေယာဉ်အမှတ် XY-AGC ခရီးစဉ်အမှတ် 011 သည် မန္တလေးမှ ဟဲဟိုးလေယာဉ်ကွင်းသို့ဆင်းသက်ရာ နှင်းများထူထပ်စွာကျရောက်နေခြင်းကြောင့် ဆင်းသက်စဉ် ဟဲဟိုး-အောင်ပန်း ကားလမ်းအနီး သစ်ပင်များနှင့်ဝင်တိုက်မိပြီး အနီးရှိ စိုက်ပျိုးရေးဌာန၊ စိုက်ကွင်းထဲသို့ လျှောဆင်းခဲ့ရသည်။



လေယာဉ်မှာ မီးလောင်သွားခဲ့ရာ လေယာဉ်ပေါ်ပါခရီးသည်နှင့် လေယာဉ်အမှုထမ်း (၇၁)ဦးပါရှိပြီး (၁၁)ဦးဒဏ်ရာရရှိ၍ တောင်ကြီးမြို့ရှိ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားရှိခါ ကျန်(၅၉)ဦးမှာ ဟဲဟိုးလေဆိပ်တွင် အန္တရာယ်ကင်းစွာရှိပြီး လေယာဉ်ပေါ်တွင် ကလေး(၁)ဦးအလောင်းတွေ့ရှိရကြောင်း (ရဲဇာနည်-facebook) အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားပါသည်။  

No comments:

Post a Comment

massages လေးများထားခဲ့ပါ

Note: Only a member of this blog may post a comment.